အိမ်မြှောင်ဥ ကိုင်မိရင် လက်တုန်တတ်တယ်တဲ့.. ဟုတ်မဟုတ်တော့ မသိဘူးကျုပ်ကို ငယ်ငယ်တုန်းက ထိမ်းတဲ့ ဂျီးတော်ကြီး ခဏခဏ ပြောတဲ့စကား..။ အဲလိုဘဲ ကျုပ်လက်တွေက ကတုန်ကရင်နဲ့.. ဒီဟာကြီး ပွင့်ဖို့ ကလည်း ဒီလက်ကြီးနဲ့ဖွင့်ရမှာ ကိုးဗျ ။ အေး.... ဖွင့်တယ်ကွာ...။ လက်ကတုန်..ရင်ကခုန်နဲ့ တစ်ယောက်ထဲနဲ့ ရှုပ်နေရော..။
ဟော ပေါ်လာပြီ “Welcome Screen” ... ဒီအခြေအနေရောက်မှတော့ ကြောက်နေလည်းအပိုဘဲလေ.. ရဲဆေးတင်ရင်း နှိပ်စရာရှိတာတွေ ထပ်နှိပ်ရုံပေါ့ ။ ပါးစပ်ကလည်း ဥုံဖွ ကရွတ်ရသေးတယ်..။ ဒီအခြေအနေထိ ရောက်အောင် ဆွဲခေါ်ပြီးမှဆန့်တငင်ငင် ကြီးနဲ့ကျုပ်ကို ပြစ်ထားတဲ့ “ချစ်ချစ်လေး”ရှိနေပါစေ... ဘာညာဆုတောင်းရင်းနဲ့ ။
GTalk ဖွင့်ပြီး ကျုပ်လည်းလိုင်းပေါ်ရောက်ပြီ.. “ကိုကို ရယ်လွမ်းနေတယ် ... ” လို့ခပ်ချွှဲချွှဲလေး ရေးထားတတ်တဲ့ Custom Message လေးများ ရှိနေမလား.။ သြော်.....ချစ်လေးက ကျုပ်ကို “ကိုကို” လို့ခေါ်တာ ပြောဖို့မေ့သွားတယ်။ သူလေးရှိနေတယ်.... ဒါ ကျုပ်ကို ဘုရားမတာဘဲဖြစ်မယ်.. ကျုပ်မျက်နှာကြီးက ပြုံးလာတယ်။ အလွမ်းပြေ Custom Message လေးကို ဖတ်မယ်ပေါ့ ... မျှားလေးကို အထောက်.........
“ဒိုင်း”.... ဆို ကျုပ်နားထင်ကြောတွေ ထောင်လာအောင် သွေးကစောင့်တိုးတယ်... ဘာတဲ့..... ရေးထားတာက “မောင်ရယ် မောင်သာ သဲလေးရဲ့အချစ်ဦး ဆိုတာ ယုံပေးပါ” တဲ့...။
မျက်နှာများလိုက်လေခြင်း..။
(ကိုရင်နော်)



4 ယောက်က ဒီလိုပြောသွားကြလေရဲ့:
အ....ဟိ.....သိတယ် ။
လက်တုန်တာ အိမ်မြှောင်ကြောင့်တော့ မဖြစ်နိုင်ဘူး..
ထန်းရည် မဝင်သေးလို့ ဟုတ်...။
;P
ခင်လေး
အော် ဖြစ်မှဖြစ်ရလေကွယ်
ဖြစ်ရမယ်.....:D
အော် ...... ကိုကို ခေါ်ရတာ ရိုးနေလို့ အသစ်ပြောင်ခေါ်တာ နေမှာပေါ့နော်။း)
လေးစားလျှက်
ရောင်
Post a Comment