ကြယ်တွေကိုရေတွက်ရင်းနဲ့
အိပ်မက်တွေမက်နေမိတယ်..
သာယာပါတယ်..
ချိုမြိန်ပါတယ်..
နွေးထွေးပါတယ်.. အိပ်မက်ရယ်..
ငါ့ဘဝ အတိတ်စာမျက်နာမှာ အိပ်မက်မပါခဲ့ဘူး
အနာဂတ်မှာရော
အိပ်မက်ရယ်.. နင်.. လာနိုင်ပါ့မလား..
တမ်းတခြင်းတွေနဲ့ ကြေကွဲနေတော့
အိပ်မက်ရယ်...
အိပ်မက်ဟာ အိပ်မက်ပဲပေါ့....။
(ကိုရင်နော်)




3 ယောက်က ဒီလိုပြောသွားကြလေရဲ့:
ကိုရင်ကြီး..
မျက်လုံးကြီးပြူးပြီးကြယ်တွေကို ထိုင်ထိုင် ရေမနေနဲ့.
တော်ကြာ ကြောက်ပြီး ပြုတ်ကျလာလို့
ကြယ်ပိနေရင် လာကယ်ဘူးနော်.
ဟီး..........
ခင်လေး
လှပတဲ့ အိပ်မက်လေးတွေ အမြဲလာနိုင်ပါစေ ကိုရင်နော်ရေ့ ကျနော်ကတော့ အိပ်လိုက်ရင် မိုးလင်းမှတစ်ရေးနိုးလို့  အိပ်မက် မက်ဖြစ်ဘူးး ဟိဟိး)
အိမ်မက်ဆိုတာ ပြောင်းပြန်ကောက်ရတယ်လို့ ကြားဘူးတာပဲ ဦးနော်ရ။ အိမ်မက်ထဲမှ တမ်းတခြင်းတွေနဲ့ ကြေကွဲနေတယ်ဆိုရင် အပြင်မှတော့ ပျော်ရွင်စရာတွေ ဖြစ်လာမှာပေါ့။
လေးစားလျှက်
ရောင်
Post a Comment