အခုဒီသီချင်းလေး တင်ထားတာက သိချင်တာလေးတွေရှိလို့ပါ..။ ဒီသီချင်းလေးက ကိုးရီးယားဇတ်ကား Full House ရဲ့ ဇတ်ဝင်တေးလေးကို မြန်မာစာသားလေးနဲ့ ပြန်ဆိုထားတဲ့ ကော်ပီသီချင်းလေးပေါ့..။ ဒီသီချင်းလေးက ကျနော့် PC ထဲကို ဘယ်တုန်းက ဘယ်လို့ ရောက်နေမှန်းမသိပါဘူး.. တစ်နေ့က MP3 သီချင်းလေးတွေ ပြန်နားထောင်ရင်းနဲ့မှ ဒီသီချင်းကောင်းလေး PC ထဲရောက်နေတာ သိလိုက်ရတာ..။ ကျနော်ကပဲ ဝေးလို့လား.. နောက်ပိုင်းထွက်တဲ့ သီချင်းအသစ်တွေနဲ့ စိမ်းလို့လားတော့ မသိဘူး.. ဒီသီချင်းလေးကို ကျနော် တကယ်မသိပါဘူး.. သီချင်းလေးကိုနားထောင်မိတော့ အရမ်းကြိုက်သွားတယ်.. Full House ဇတ်ကားကိုလည်း ကြိုက်တာကိုး.. (သူနဲ့တူတူကြည့်ဖူးလို့ :P)..။
အခုပြောချင်တာက... ဒီသီချင်းလေးကို သိရင်ပြောပြကြပါနော်.. ဘယ်သူရေးတာ.. ဘယ်သူဆိုထားတာ.. နောက် သီချင်းနာမည်လေးရောပေါ့....။ ကျနော့် ရင်ထဲက ခံစားချက်လေးတွေနဲ့ တိုက်ဆိုင်နေသလိုမို့ သိထားချင်လို့ပါ.. ဟီးးး..:P.. အော်... ဒီသီချင်းလေးကိုလေ ရက်ပိုင်းလောက်တော့ ဖွင့်ထားလိုက်မယ်.. နောက်ပိုစ့်တစ်ခု မတင်ခင်အထိပေါ့...။ အခုတော့ နားထောင်ပေးကြပါဦးနော်..။
“... ဒီ နှောင် ကြိုး.. မဖြတ်ခဲ့ပါနဲ့... ... ... ... ... ... ... ... ...”
“.... .... .... .... .... .... ငါ့နား မင်းမရှိတဲ့နောက် မဖြစ်တဲ့ဘဝကို သိ ပါ ကွယ် ... ... ...”
“.... .... .... .... .... .... ဝန် ခံ ပါ တယ် .... .... .... .... ....”
“... ရင်မှာ စူးစူးနင့်နင့် ... ... ချစ်ခဲ့မိတာ... ... ... မင်းပြောသမျှကို လိုက်နာမယ် ... ... ... ...”
“... ... ပြန်ဆုံခွင့်ရချင် ... ..”
“... ချန်ရစ်ပြီး မင်းထားခဲ့မှာလား ... ... ... နင်မရှိတော့ ငါ့ရဲ့ဘဝက ခြောက်သွေ့နေမှာ ... ... ... ...”
“.... .... .... .... .... .... .... .... .... .... .... .... ... ... .... ဒို့.... ဆက် ချစ် ခွင့် လေး ... ... ...”
“မောင်မျိုး”၊ “အရုပ်ကလေး” နဲ့ ကျနော့်တူမလေး “ကလေးလေး” တို့ကို အရမ်းကျေးဇူးတင်ပါတယ်..။
အဆိုတော် ငဲငယ် ရဲ့ ရုပ်ပုံနဲ့ဆိုဟန်လေးကို ကြည့်ချင်ရင်တော ဒီမှာနှိပ်ပြီး ကြည့်နိုင်ပါတယ်..
(ကိုရင်နော်)



13 ယောက်က ဒီလိုပြောသွားကြလေရဲ့:
ကောင်းသား .. တယ်ရင်း ကိုရင်ကြီး ၊၊ လေဆိပ် ခဏဆင်းမို့ စောကြီးနိုးနေတာ ၊၊ ကိုရင်ပို့စ်လေး တွေ့လို့ လိုက်လာတာဗျာ ၊၊ ခံစားချက်တွေများ နေပီ ဆိုလို့ ညနေကျ ၀င်ခေါ် လိုက်မယ် ၊၊ သမားတော်များစည်း
ဝေးပေါ့ ၊၊ မောနင်း နော် ၊၊
ခင်မင်တဲ့
ကိုလစ်
အစ်ကိုရေ ကျနော့်ဆီက နက်မကောင်း ဖွင့်လို့ကို မရဘူးဖြစ်နေတယ် ...
ခဏနေမှ ထပ်လာပြီး ထပ်ဖွင့်ဦးမယ်ဗျာ
ကိုရင်ရေ့ ဒီသီချင်းကို “ငဲငယ်” ဆိုထားတာ သီချင်းနာမည်တော့ ကျနော်လည်းမေ့နေလို့  မြ၀တီအစီစဉ်မှာတော့မကြာမကြာလာတယ် ဒီတစ်ခါသေချာမှတ်ထားပေးမယ်ဗျ သီချင်းလေးတော်တော်ကောင်းတယ် ။
ကိုမျိုးရေ.. ကျေးဇူး.. အဆိုတော်က “ငဲငယ်” နော်.. ခုမှသိတယ်.. သူ့သီချင်းတွေ နားထောင်ဖူးဘူး.. ရှာဖွေပြီး နားထောင်ဦးမှ..
သီချင်းနာမည်လေးနဲ့ တေးရေးဆရာကိုလည်း သိချင်သေးတာ.. :)
“ဒါ အိပ်မက်လား... ... ... ... တစ်ကယ့်အဖြစ်အပျက် တစ်ခုလား... ... ...”
“ဒါ အိပ်မက်လား... ... ... ... တစ်ကယ့်အဖြစ်အပျက် တစ်ခုလား... ... ...”
“ဒါ အိပ်မက်လား... ... ... ... တစ်ကယ့်အဖြစ်အပျက် တစ်ခုလား... ... ...”
ဟေ့ယောင်..
မူးမူးနဲ့ ယောင်ပြီး ကယောင်ကတမ်းတွေ အော်မနေနဲ့ အိပ်မက်ဟုတ်မဟုတ်
သိချင်ရင် လက်ကို ဓါးပါးပါးလေးနဲ့ လှီးကြည့်...!! ဒါဘဲ..!! ဟွန်းးး!!
တထာမှမကျားဖူးဘူး.. ဦးဦးနော်ရ... မက်မက်ယဲတိဖူး...ဒါဘေမယ့် နားထောင်ရို့ဒေါ့
ကောင်းးတယ်...ဟိဟိ..တချင်းရေးယဲ့ချာတားကယဲ
အဒိတ်ပယ် ချိတယ်နော်။...
မက်မက်ယဲအထုမှ နားထောင်ဖူးဒါ...ဟဲဟဲ။။ ကြိုက်တွားဘီတချင်းရေးဂို ... :P :P :)
သီချင်းနာမည်က ဆက်ချစ်ခွင့်လေး
တေးရေး ငဲငယ်
တေးဆို ငဲငယ်
ကျွန်တော်လည်း ကြိုက်လွန်းလို့
ကိုးရီးယား သီချင်းရော မြန်မာလို ဆိုထားတာပါ
သိမ်းထားတာ
ကျု နောက်က ကုဒ်လေး ရှယ်ပါဦး။
Sanle ရေ.. YouTube Link လေးကို တင်ထားလိုက်ပါပြီ.. :)
ဦးနော်လဲမေမေခင်လိုလွမ်းတတ်နေပီ
အရုပ်လိုလေးလိုလွမ်း..သီချင်းလေးနဲလွမ်း
ဦးလွမ်းဖစ်နေပီ...
သံစဉ်ရော၊ စာသားရော၊ အသံရော ပြောစရာမရှိအောင်ကောင်းပါတယ်.. ဒါပေမဲ့ ခံစားမိတာလေးတစ်ခုတော့ရှိတယ်.. ဒီသီချင်းလေးက ကိုရီးယားဆီကနေ သံစဉ်ကိုခိုးထားတာမဟုတ်ရင် သိပ်ကောင်းမှာပဲလို့.. ကျမတို့ မြန်မာလူမျိုးတွေ ဘာကြောင့် သူများနိုင်ငံ (ကိုရီးယား၊ ဂျပန်၊ တရုတ်၊ အင်္ဂလိပ်၊ အန္ဒိယ၊ ယိုးဒယား စသည်ဖြင့်)တွေဆီကပဲ ဘာလို့ ကူးယူနေရတာလဲ.. သူတို့တောင် သံစဉ်ကောင်းကောင်းတွေရှာနိုင်သေးတာ ကျမတို့နိုင်ငံက ဘာလို့မရှာနိုင်တာလဲ.. နိုင်ငံအကြီးအကဲကြောင့်လား.. သိပ်တော့ဆိုင်မယ်မထင်ဘူး.. ဒီသီချင်းနားထောင်ပြီး ကျမအားလုံးကိုကြိုက်တယ်.. ပျော်လဲပျော်တယ်.. ထိတယ်.. ဒါပေမဲ့ ခံစားမယ်ကြံတုန်း သူများနိုင်ငံက နာမည်ကြီး ဇာတ်ဝင်တေးကြီးဆိုတာသိတော့..မျက်လုံးမှိတ်လိုက်ရင် ရိမ်းနဲ့ ဆောင်းဟေကိုပုံပဲပေါ်ပေါ်လာတယ်.. ပြောရရင် သိမ်ငယ်စိတ်လဲဝင်ဝင်လာတယ်..
ခုလိုရေးတာ ဘယ်သူ့ကိုမှထိခိုက်စေချင်လို့ရေးတာမဟုတ်ပါဘူးနော်.. မဗေဒါခံစားရတာလေးကိုရေးတာပါ.. မကောင်းဘူးပြောတာလဲမဟုတ်ပါဘူး.. အတန်အသင့် ကော်ပီတာကော်ပီပြီး.. အသစ်အဆန်းလေးတွေလဲ တင်ပြနိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန် ဝမ်းသာအားပေးမိမှာပါ... သူက အဆိုတော်အသစ်လေးထင်တယ်နော်.. အသံကောင်းတယ်လို့ထင်တယ်.. ရုပ်လဲ ဒီလောက်မဆိုးဘူး.. ဖြစ်နိုင်ပါတယ်..
ဟုတ်တယ်နော်! သီချင်းလေးက အရမ်းအဓိပ္ပါယ်ရှိလိုက်တာ။ စာသားလေးတွေကလည်း အရမ်းကောင်းတယ်။ ကြိုက်လို့ Youtube ကနေယူသွားတယ် ဦးနော်။ ကျေးဇူးပါနော်။
နောက်ဆုံးအပိုဒ်လေးကို ကြိုက်တယ်။
ငါက ... မင်းမရှိနောက် မဖြစ်တဲ့ ဘ၀ကို သိပါကွယ် ....
အရမ်းကောင်းတယ် နော်။
လေးစားလျှက်
ရောင်
ဟုတ်တယ်နော်! သီချင်းလေးက အရမ်းအဓိပ္ပါယ်ရှိလိုက်တာ။ စာသားလေးတွေကလည်း အရမ်းကောင်းတယ်။ ကြိုက်လို့ Youtube ကနေယူသွားတယ် ဦးနော်။ ကျေးဇူးပါနော်။
နောက်ဆုံးအပိုဒ်လေးကို ကြိုက်တယ်။
ငါက ... မင်းမရှိနောက် မဖြစ်တဲ့ ဘ၀ကို သိပါကွယ် ....
အရမ်းကောင်းတယ် နော်။
လေးစားလျှက်
ရောင်
Post a Comment