Wednesday, December 23, 2009

တိုက်ရိုက်ထိမှန်သောသံစဉ်ချိုချို

အားလုံးပဲ မင်္ဂလာပါရှင်...!!
ဟမ်... ဘာလို့လဲ..!! ဘာများပါလိမ့်..!! ဆိုပြီး ခင်လေးငယ် တစ်ယောက် ဘာတွေများ ရေးဦးမှာပါလိမ့်လို့ တွေးထင် နေကြလေမလား..!! ကဲ... ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေနော်..!! ခင်လေးချစ်တဲ့ မောင်နှမတွေအားလုံးကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံစေချင်လို့ ပထမဦးဆုံး နှုတ်ခွန်းဆက် စကားလေးနဲ့ နှုတ်ဆက်လိုက်တာပါ။

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံခြင်းဆိုတာ မလိုအပ်တဲ့သူ မရှိသလို.. မလိုပါဘူးကွာလို့ ပြောလို့ရတဲ့ အရာလည်း မဟုတ်တာပဲလေ..။ ဒါနဲ့ပဲ ရေးချင် ပြောချင်တာက တော်တော်နဲ့ မရောက်ပါဘူး.. မင်္ဂလာနဲ့ လည်နေတယ်နော်.. ဟုတ်..!!

မင်္ဂလာတရားနဲ့ မင်္ဂလာရှိခြင်းဆိုတာ ဘယ်လိုအချိန်မျိုးတွေမှာ ရတတ်ကြပါသလဲ..!! အမျိုးမျိုးပေါ့လေ တစုံတယောက်ဆီက သတင်းကောင်းလေးတစ်ခု..! ချမ်းမြေ့ဖွယ် စကားလေးတစ်ခွန်း..!. စိတ်နှလုံးကို ငြိမ်းအေးစေတဲ့ စာလေးတစ်ပုဒ်..! နှစ်သက်ဖွယ် ကဗျာလေး တစ်ပုဒ်..! ဒါမှမဟုတ် သာယာချိုမြိန်တဲ့ သီချင်းလေးတစ်ပုဒ်ကို နားထောင်ရခြင်း..! ရင်ကို အေးချမ်းစေတဲ့ အသံလေးတစ်သံ... စသဖြင့်ပေါ့လေ အဲ့ဒီထဲက တစ်ခုခုကို ရရှိတဲ့ နေ့လေးတစ်နေ့ဟာ မင်္ဂလာရှိတဲ့ နေ့လေးပဲ ဖြစ်ပါလိမ့်မယ်..။

ဒီလိုနဲ့ပဲ (ကျွန်မနေထိုင်ရာစံတော်ချိန်) မနေ့က နေ့လည်ခင်းလေးတစ်ခုမှာ မင်္ဂလာရှိတဲ့ နေ့လည်ခင်းလေး တစ်ခုကို ကျွန်မ ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်..။ အင်တာနက် စာမျက်နှာတွေပေါ်မှာ ခြေအစုံကိုဆန့်.. ဂျီတော့ခ်လေးပေါ်မှာ လက်ချောင်းလေးတွေကို အလုပ်ပေးရင်း သာယာငြိမ်းချမ်းဖွယ် page လေးတစ်ခုပေါ်ကို မထင်မှတ်ပဲ ရောက်သွားခဲ့ပါတယ်..။ ustream tv chanel လေး တစ်ခုဆီ ရောက်သွားတာပါ..။ ကျွန်မ ရောက်သွားတဲ့ အချိန်မှာ သီချင်းလေးတစ်ပုဒ်က ကျွန်မကို ကြိုဆိုနေခဲ့ပါတယ်...။ on air live လေးပေါ့..!! ကိုထူးအိမ်သင်ရဲ့ သီချင်းလေးတစ်ပုဒ်ကို အသံချိုချိုလေးနဲ့ ဒီနေရာလေးကနေ တိုက်ရိုက်ဆိုပြ နေတာပါ..။

သီချင်း သိပ်အဆိုကောင်း ရုံတင်မကပဲ သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် တီးခတ်နိုင်တဲ့ သူကတော့ မျိုးချစ်မြန်မာ က “ကိုမျိုးချစ်” ဖြစ်ပါတယ်..။ ဒီလင့်ခ်လေးကတော့ ကိုမျိုးချစ် မေ့မရနိုင်ပဲ မြတ်နိုးနေဆဲဆိုတဲ့ ဘလော့ဂ် အဟောင်းနေရာလေးပါ..။ သောကြာနေ့တိုင်း US စံချိန် ည(၇)နာရီဆိုရင် ဒီနေရာ on air မှာ သူရှိနေပါလိမ့်မယ်..။ ခုတလော Christmas နီးတာရယ် နှစ်ကူးအတွက် အချိန်အားလေးတွေ ရရင်ရသလို သီချင်းလေးတွေ ဆိုပြပါ့မယ်လို့လည်း သူက ကတိလေး ပေးထားပါသေးတယ်။ ညဆိုတာက သူနေထိုင်တဲ့ စံတော်ချိန်ကို ပြောတာပါ။ ဆိုပေးစေချင်တဲ့ သီချင်းလေးတွေကို ကိုမျိုးချစ်ရဲ့ Gtalk status လေး စိမ်းနေချိန်မှာ တောင်းဆိုနိုင် ဂျီကျနိုင်ပါတယ်..။ သူ့ရဲ့ Gmail လိပ်စာလေးကတော့ myochitmyanmar@gmail.com ပါပဲ..။

ကျွန်မချစ်တဲ့ မောင်နှမတွေအားလုံး ကျွန်မတို့လိုပဲ အားလပ်ပြီး တိုက်ဆိုင်တဲ့ အချိန်လေးတွေမှာ နားဆင်ခံစား ကြည့်စေချင်မိလို့ပါ..။ လူတစ်ယောက်ဟာ ကိုယ်ခင်မင် ချစ်မြတ်နိုးတဲ့ သူတိုင်းအတွက် အရာရာကို မျှဝေပေးချင်ခြင်းဟာ သဘာဝတရားလေးတစ်ခု မင်္ဂလာသတင်းလေး တစ်ပုဒ်ပဲ မဟုတ်ပါလား..!! သူကိုယ်တိုင် ဆိုပြမဲ့ ချိုမြိန်သံစဉ်တွေကို ရင်ခုန်သာယာ ချမ်းမြေ့စွာ နားဆင်ခံစားနိုင်ကြပါစေ..။

မနေ့က ညနေပိုင်းမှာ ကျွန်မအလုပ်တစ်ခု သွားစရာ ရှိနေခဲ့ပါတယ်..။ အလုပ်မသွားခင် ကျွန်မပိုင်ဆိုင်ခွင့် ရလိုက်တဲ့ သံစဉ်ချိုနေ့လည်ခင်းလေး တစ်ခုအတွက် သီချင်းတွေကို မမောတမ်းဆိုပြခဲ့တဲ့ ကိုမျိုးချစ်ကို ကျွန်မနဲ့အတူတူ on air လေးကို နားထောင်ဖြစ်ခဲ့တဲ့ သူငယ်ချင်းတွေ အားလုံးကိုယ်စား ကျေးဇူးတင်ကြောင်း ပြောပါရစေ.။ သီချင်းချိုချိုလေးတွေကို နားထောင်ခွင့်ရပြီး ပျော်ရွှင်ချမ်းမြေ့စွာ အလုပ်ကို သွားနိုင်ခဲ့တဲ့ အတွက်လည်း မင်္ဂလာနေ့လည်ခင်းလေး ဖြစ်ခဲ့ရပါတယ်...။

ကျွန်မချစ်တဲ့ မောင်နှမတွေအားလုံးလည်း သူဆိုပြတဲ့ သီချင်းသံ ချိုချိုလေးတွေနဲ့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံမယ့် အချိန်လေးတွေကို ရယူ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒမွန်လေး ပြုပါရစေ...!!

တခါတည်းပဲ နည်းနည်းလေးဆက်ဖွ ချင်မိပါတယ်..။ ကိုမျိုးချစ်လိုပဲ သိပ်ကို သီချင်းအဆို ကောင်းသူ ဘလော့ဂါတွေ ရှိနေပါသေးတယ်..။ နာမည်တွေကို ရေးချချင်လိုက်တာ... ဒါပေမဲ့ ရေးရဲပါဖူးလေ ကြောက်လို့... အဆဲခံရမှာပါဆို..!! နာမည်တွေ ပြောလိုက်ရင်ပေါ့..!! ခုတောင် ဖေါ့ဖေါ့လေးပဲ ရေးရဲတာ အရောင်ဖျော့ဖျော့လေး သုံးထားတာ သဘောပေါက်..!! ဟူးးးးး ရေးချင်စိတ်ကို ထိမ်းထားရတာ တော်တော်လေးကို ဆိုးပါတယ်..။

တစ်ယောက်က အတီးသမားပါ.. သူက ပလေယာ တစ်ယောက်ပေါ့.. (သတိ။။ ပလာယာဟု အဖတ်မမှားရ..) ဟီးးး ပလေယာဆိုလို့ “ဖဲ” တွေဘာတွေ ထင်နေဦးမယ်.. :P ဟုတ်ဖူးနော် ဂီတာကိုပြောတာ..။ သူဂစ်တာတီးတာ အတော်ကို ကောင်းပါတယ်.. ဆူဆူညံညံတွေ.. နောက် Classical တွေ စုံနေအောင် တီးတတ်ပြီး သီချင်းဆိုတော့လည်း အသံက ချိုချိုလေးပေါ့..။ ကျွန်မနဲ့ ပေါက်ကွဲ သံစဉ်တွေ အကြောင်း ရှယ်တတ် ပွားတတ်သူ မောင်လေးပါ..။

အဟဲ.... နောက်တစ်ယောက်ကတော့... ပြောကို မပြောချင်တော့ပါဘူးလေ.. သူ့အသံလေးကလည်း သိပ်ငြိမ်ပါတယ်.. ဆွဲဆောင်မှုရှိပါတယ်.. ဘူတူ့အသံနဲ့တူတယ် ဆိုလားပဲ...!! တခါတလေတော့ ပဲတွေများပြီး လှုပ်ခတ်ကြီးများ ဖြစ်လားတော့ မသိဖူးပေါ့လေ.. ဟီးး သူက ကဗျာတွေ ဘာတွေများ ရွတ်တတ်သူလားတော့ မသိပါဘူး...။ ဟက်.. ဟက်.... :P

အားလုံးကို လေးစားခင်မင် ချစ်ခြင်းအားဖြင့်...
(ခင်လေးငယ်)

18 ယောက်က ဒီလိုပြောသွားကြလေရဲ့:

Anonymous said...

မကြီးငယ်ယေ

ခုလိုမျှဝေတာ ကျေးဇူးတင်မိတယ်ဗျာ
ွှအနော်ကတော့ ဖရိုင်းဒေးသွားပြီဗျိုး
ဒါနဲ့ နေပါအုန်း
ဖွလက်စနဲ့ တန်းလန်းကြီးမထားနဲ့ဗျာ
ခံရခက်တယ်
အဲ့ယာ ဘူးယေးဒွေ ဘူးဂျီးဒွေတုန်း??
ရဝူးးး ပြောရမယ်နော့
:D :D

TZO

Anonymous said...

ကိုရင်နော်ကိုပြောထာဖြစ်မယ် :PP

တာတာ said...

ဟာ ကိုမျိုးချစ်ရေ သိရင်လုပ်ဦး
ပလာယာ နဲ့ ဂွ က ဘယ်သူတွေလဲ
သိသလို မသိသလိုကြီး
ခွိခွိ :P

Anonymous said...

မမငယ်ငယ် လူဇိုးကြီးးးး
ပြောကိုပြောချင်တော့ဘူးနော်း))

မေလေး

ကိုလူထွေး said...

အောက်ဆုံးကတယောက်က ကိုရင်နော်ကြီး မဟုတ်လားးP

ဖိုးစိန် said...

သီချင်းဆိုပြနေကျ

ကဗျာရွတ်ပြနေကျ

ဦးနော်ကိုလွမ်းတယ်...


ဦးနော်ကိုလဲ မျှော်နေတယ်။။

မမခင်လေးလဲ သီချင်းလေးတွေ နားထောင်ပြီး ပျော်ရွင်ပါစေဗျာ..


ရန်ဖြစ်သံတွေကိုလဲကြားချင်ပါရဲ့


ချစ်ခင်လေးစားစွာဖြင့်

မျောက်မျောက်

Mogok Thar said...

မလေးးးးးးးးး
နှစ်ယောက်လုံးကို......
သိနေဒယ်... နော်................
မလေး သီချင်းအဆိုကောင်း ဂစ်တာတီးကောင်းတာတော့ ကျွန်တော် ဒီမှ ဖွထည့်လိုက်ပြီဗျာ......

မလေးကို သီချင်း ၀ိုင်းတောင်းကြပါဗျို့

:-P

(စချင်တာနဲ့ သံစဉ်ချိုလေးတွေ ရှိရာ ရိပ်ငြိမ်လေးဆီ လမ်းညွှန်ပေးတာ ကျေးဇူးတင်ကြောင်းတောင် ပြောဖို့ မေ့သွားတယ်ဗျာ)

ချစ်ခင်လျက်
မိုးကုတ်သားးး

MANORHARY said...

သိတယ်နော် သိတယ် =)

ခင်လေးငယ် said...

အယ့်...

ဘယ်သူတွေများပါလဲ..!!
ခင်လေးလည်း သိဖူးပဲ...

မိုးကုတ်သားနော်..!! ဟွန်းး
ဖွတယ်နော် ဟုတ်ပဲနဲ့
သတင်းအမှားတွေ လျှောက်ပေးနေတယ်.. :P

လိမ်မာရက်နဲ့ မိုက်ရဝူး
ကြောင်ကြီးကိုက်တတ်တယ်.. :D

ဒဏ္ဍာရီ said...

အစီအစဉ်ကောင်းလေးကို မျှဝေသတင်းပေးလို့ ကျေဇူးပဲ မမရေ.... သွားနားထောင်ရမယ်။း)
ဒါနဲ့ အတီးကောင်းတဲ့သူတော့ မသိဘူးနော်။ ဆွဲဆောင်မှုရှိတယ်ဆိုတဲ့ အဆိုတော်တော့ သိတယ်။း) မမအိန္ဒြာဆီမှာ ကဗျာလေးကိ ရသမြောက်အောင် ရွတ်ဆိုထားတာ နားထောင်ဖူးတယ်။ နာမည်တော့ ပြောတော့ဘူး။ မသိသေးသူများအတွက် အဖြေညှိလို့ရအောင် ဒီတိုင်းလေး ထားသွားတယ်။း)

ခင်မင်လေးစားလျှက်

မယ်ကိုး said...

နှစ်ယောက်ထဲက တစ်ယောက်တော့ သိတယ် :P
သီချင်းလေးလည်း သွားနားထောင်မယ်နော် ချစ်မလေး ကျေးဇူး။
ပြီးတော့ ချစ်မလေး စာလေးတွေ ပျော်ပျော်ရွှင်ရွှင်ရေးတာ ဖတ်ရလို့ ကြည်နူးမိပါတယ်။

ချစ်တဲ့
ညလေး

မိုးမောင် said...

ဒီတခါ ကိုမျိုးချစ်ဟဲတဲ့အခါ အားပေးဖို့အသင့်ပါပဲ။ မငယ်ကြီးလည်း အဆိုကောင်းတယ်ဆိုတာ သိပြီးသားနော်။ တစ်ပုဒ်လောက်တော့ တောင်းဆိုချင်ပါတယ်လေ။း)))

ခပ်မှိန်မှိန်ရေးထားတဲ့ ပလာယာကြီးနဲ့ ဗော်ကာကြီး.. (အဲလေ) ဗော်ကယ်လစ်ကြီးဆိုတဲ့ နှစ်ယောက်စလုံးကို သိသလိုလိုပဲ။ ဟဲ ဟဲ။

ခင်မင်လျှက်...

နှင်းလေး said...

မမခင်လေးကို ကျေးဇူးများကြီးတင်ပါတယ်
သောကြာနေ့တိုင်း ကိုမျိုးချစ်ဆိရောက်ဖြစ်တော့မှာပဲ
မမအညွှန်းကောင်းလို့း)

မမက guitar တီးကောင်းတယ်ဆိုလို့ ပိုချစ်သွားပြီ

ချစ်ခင်တဲ့---

May said...

ကြော်ငြာလေး လာဖတ်သွားတယ် အစ်မရေ.... စာတွေကို အမြဲတမ်းလာဖတ် ဖြစ်ပါတယ်။ အတော်ပဲပေါ့ ခရစ်စမတ်ကာလ နားရက်တွေမှာ သွားနားထောင်ရမယ်။ ကျေးဇူးပါပဲ။

ခရစ်စမတ် ဆိုလို့ ဘလောဂ့်တန်းပလိပ်လေးက အရမ်းလှတယ်။ နောက်ခံဘက်ဂရောင်းနဲ့ ဒီအချိန်လေးနဲ့ ကွက်တိပဲ။ စိတ်ကူးကောင်းလေးနဲ့ တန်းပလိပ် အသစ်လေးကိုလည်း ခံစားသွားတယ် အစ်မရေ။

ပျော်ရွှင်ပါစေ......

မယ်ကိုး said...

。° 。 ° 。˚ ˛ • ˚ ˚ ˛
MERRY 。 • ˚ ˚ ˛ ˚ ˛ • •
。CHRiSTMAS 。 。° 。 ° ˛ ˚ ˛
Π___ 。 ˚ ˚ ˛ ˚ ˛ •˛ •˚
/_____/ \。˚ ˚ ˛ ˚ ˛ •˛ •˚
| 田田|門| ˚ ˛ ˚ ˛ •
Merry Christmas and a Happy 2010 New Year

((ချစ်မလေး.. ချမ်းမြေ့ပျော်ရွှင်ပါစေ..))

Republic said...

ကိုရင် နဲ့ မခင်လေး
ဟက်ပီး မယ်ရီခရစ်စမတ်ပါ ။

အနမ်း said...

ဘလော့ဂါတွေ တယ်ဟုတ်ကြပါလား။ သိချင်ပါဘိ ပလာယာတို့ ပလာတာ တို့ဆိုတာတွေး))

ပိုင်ဖြိုးကို said...

၂၅ ရက်ညချမ်းမှာ blogger မောင်နှမတွေနဲ့ ဆုံတွေ့ခဲ့ရတာ အရမ်းဝမ်းသာမိပါတယ်ဗျာ၊ နောက်လဲဆုံချင်ပါသေးတယ်။